ချမ်းမြသာစည် စက်တင်ဘာ ၁၃
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားကို လေ့ကျင့်လိုက်စားနိုင်ရေး၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရေး၊ထူးချွန်ထက်မြက်သောနိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ "လူငယ်နှင့်အားကစား" အသိပညာပေး Talk Show ကျင်းပဆောင်ရွက် မှုကို ယမန်နေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။
Talk Show ဆွေးနွေးပွဲတွင် ယနေ့လူငယ်များ အားကစားတွင် ပိုမိုလေ့လာလိုက်စားလာစေရေး၊ ကျန်းမာကြံ့ခိုင်သူများ ဖြစ်ပေါ်လာစေရေး၊ အားကစားနှင့်ပတ်သက်သည့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအကြောင်း စသည်ဖြင့် အကျယ်တ၀င့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Talk Show ဆွေးနွေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း၊ စာရေးဆရာ ဇော်ဝါထွန်း (အထက်တန်းပြ)နှင့် ဒုဦးစီးမှူးဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း