သံတွဲခရိုင်၊ ငပလီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးငွေ ပေးအပ်

ငပလီ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၂-၂၀၂၃ခုနှစ်၊ ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)လအထိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်၁၁နာရီအချိန်တွင် ဇီးဖြူကုန်းအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါထောက်ပံ့ငွေကိုလူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စောမြတ်သန္တာနှင့်တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ် (၁၀၉)ဦးအတွက် ငွေကျပ်(၄၅၆၀၀၀၀ိ/-)ကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုထောက်ပံ့ငွေများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များသို့ ပေးအပ်သွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)