ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ၌ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရသေ့တောင် စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌‌သေ့တောင်မြို့၊ မြို့မအမက(၄)ကျောင်း၌ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်၅နစ်မှ ၉နှစ်အရွယ်ထိ‌ ကျောင်းသား/ကျောင်းသူများအား ဂျပန်ဦးနှောက် အမြှေးရောင်‌ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းအပြင် ပေါင်ချိန်ပေးခြင်း၊ ကလေးငယ်များအတွက် အခြားကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)