ဟိုပင် စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခြင်း မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းအဖြစ် (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီက ဟိုပင်မြို့ ရွှေဘို-မြစ်ကြီးနား ကားလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင် များက ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့် အညီ (Mask) တပ်ဆင်သွားလာကြရန် ဟိုပင်မြို့အတွင်းရှိ လူစည်ကားရာ ရွှေဘို-မြစ်ကြီးနား ကားလမ်းဆုံတွင် လမ်းသွားလမ်းလာ ပြည်သူများအား အသိပညာပေး ပြောကြားခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခြင်း မရှိစေရေးနှင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် Mask(၁၁၅၀)ခုကို အခမဲ့ဖြန့်ဝေခဲ့ကြ ကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး(ပြန်/ဆက်)