ဒေးဒရဲ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရန်နှင့် စာဖတ်ရှိန်မြင့်မား လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်းပြီး စာဖတ်ဝိုင်း ကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသည့် ပန်းလိုချင် အပင်ပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးသိန်းထိုက်က ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာသည့် Book Club အဖွဲ့ဝင် စာပေချစ်သူများက ကလေးနှင့် ပတ်ဝန်းကျင်၊ သုတစာပေဖတ်ပါစေနှင့် ကိုယ်ကျင့် ကောင်း၍ စိတ်ကောင်းရှိပါစေ ဆောင်းပါးများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို Book Club အဖွဲ့ဝင်များအပြင် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေဇာလင်း