ညောင်ဦးခရိုင်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာပေရေးရာဆွေးနွေးပွဲကျင်းပ

ညောင်ဦး  စက်တင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က စာပေဆွေး နွေးခဲ့ ကြောင်းသိရသည်။

အဆိုပါ စာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဒေါ်ယုယုလှိုင်၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)မှ အမှာစကားပြောကြားပြီး စာအေုပ်စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များမှ လူငယ်များအတွက် အတွေးအမြင်စာစုများဖြစ်တဲ့ စာရေးဆရာ မြင်းခြံကျော် အောင်(ခ)သန်းထက်စံ ရေးသားသည့် ကြီးပွားအောင်မြင်   အောင်ပန်းကိုဆင်စာအုပ်အား စာပေချစ်မြတ်နိုးသူများက ဆွေးနွေးကြကြောင်းသိရသည်။ ထိုစာအုပ်တွင် ခေါင်းစဉ်ခွဲ ၁၂ ခုဖြင့် ခွဲခြမ်း စိတ်ဖြာ ရေးသားထားပြီး စာမျက်နှာ ၂၁၆ ပါကြောင်း သိရသည်။

ကိုကြေးမုံ