မိုင်းရှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose တတိယအကြိမ်ထိုးနှံပေး

မိုင်းရှူး   စက်တင်ဘာ    ၁၃

ရှမ်းပြည်နယ် (‌တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၁၀)နာရီ ချိန်က အခြေခံပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose တတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

ယင်းသို့ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးဒေါက်တာ ကျော်ဇင်ထွန်းနှင့် ဝန်ထမ်းများက  အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၂၇၀)ဦးတို့အား (Sinovac)အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose တတိယအကြိမ်ကို ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်‌ဆေးထိုးနှံပေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်၊ ဒု-ခရိုင် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်တို့က သွားရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)