ဖျာပုံ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask တပ်ဆင်ထားခြင်း မရှိသူစျေးရောင်း၊ စျေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ မြို့မစျေးကြီး လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးစိုးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို ဖျာပုံမြို့ မြို့မစျေးကြီးရှေ့ စျေးရောင်း၊ စျေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများနှင့် လူစည်ကားရာနေရာများတွင် Mask တပ်ဆင် ထားခြင်း မရှိသူများအား နှာခေါင်းစည်း Mask များအား အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)