ကန့်ဘလူ စက်တင်ဘာ ၁၃
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask များတပ်ဆင်အသုံးပြုခြင်းဖြစ်ရာ ရောဂါကူးစက်မှုမှ ကာကွယ်ရေးအတွက် တာဝန်ရှိသူများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ မြို့မစျေးအနီးဝန်းကျင်တွင် ယနေ့ နံနက်ပိုင်းက Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းလင်းအောင် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က မြို့မစျေးအနီးဝန်းကျင်နှင့် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်း၊ Mask များတပ်ဆင်သွားလာကြရန်နှင့် Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)