ကျိုင်းလပ်မြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိုင်းဖြတ်မြို့ တပ်မမှူး ဗိုလ်မှူးချုပ် ဦးကျော်လင်းမောင်တွေ့ဆုံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိုင်းဖြတ်မြို့မှ တပ်မမှူး ဗိုလ်မှူးချုပ် ဦးကျော်လင်းမောင်က ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ကို ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်းများ အခမဲ့ ဝေငှပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက်က ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ 

တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ပုံပြင်ပြော ပြိုင်ပွဲကျင်းပ

ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  ကျင်းပကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမား ဥပ‌ဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ(၁၅)ရက်နေ့၊ နံနက် (၁၀)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိုမီခရွန်ရောဂါကူးစက်မှုမရှိစေရေးနှင့်ကာကွယ်ထိန်းချုပ်နိုင်ရန် Mask ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း Campaignပြုလုပ်

ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမရှိ စေရန် နှင့်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍

မိုးညှင်း၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှုများ ပြန်လည် မြင့်တက်လာသဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုများ ထပ်မံဖြစ်ပွားမှုများ မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား ယနေ့ နံနက် ၉ နာရီ မိနစ် ၃၀ က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ပေါက်ခေါင်းမြို့၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာ သင်တန်းဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန မြို့မနည်းပညာပြန့်ပွားရေးစင်တာ(CLC)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့ပေါ် (က) ရပ်ကွက်၊ ဘားအံလမ်းရှိ မိုးလုံလေလုံ အားကစားရုံရှေ့ ရေမြောင်းဖုံးပါ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့ပေါ် (က) ရပ်ကွက်၊ ဘားအံလမ်းဘေးရှိ မိုးလုံလေလုံ အားကစားရုံရှေ့၌ ရေမြောင်းအဖုံးပါ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
Subscribe to