ကျိုင်းလပ်မြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိုင်းဖြတ်မြို့ တပ်မမှူး ဗိုလ်မှူးချုပ် ဦးကျော်လင်းမောင်တွေ့ဆုံ

ကျိုင်းလပ် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိုင်းဖြတ်မြို့မှ တပ်မမှူး ဗိုလ်မှူးချုပ် ဦးကျော်လင်းမောင်က ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တပ်မမှူး ဗိုလ်မှူးချုပ် ဦးကျော်လင်းမောင်က ကျိုင်းလပ်မြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရင်းနှီးစွာတွေ့ဆုံမိတ်ဆက်ကာ ဌာနဆိုင်ရာဝန်ထမ်းများ၏ အခက်အခဲအခြေအနေများနှင့် နယ်မြေဒေသဆိုင်ရာ အချက်အလက်များအား သိရှိလိုသည်များ မေးမြန်းကာ လုပ်ငန်းတာဝန်များ ပေါင်းစပ်ညှိုနှိုင်းလုပ်ကိုင်ကြရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)