လှိုင်းဘွဲ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့ပေါ် (က) ရပ်ကွက်၊ ဘားအံလမ်းဘေးရှိ မိုးလုံလေလုံ အားကစားရုံရှေ့၌ ရေမြောင်းအဖုံးပါ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၂၇.၁၃၀) ကျပ်သန်းဖြင့် ရေမြောင်းအရှည် (၆၄၀) ပေ၊ အကျယ် (၂) ပေ၊ အနက်(၃)ပေရှိ ရေမြောင်းဖုံးပါ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
လင်းသန့်(ပြန် / ဆက်)