ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်း က မိုးမခကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်၌ ဖြုတ်ပိုးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ဒေးဒရဲမြို့နယ်၌ ဖြုတ်ပိုးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက် ဒေးဒရဲ စက်တင်ဘာ ၁၅ မြင့်မြင့်ခိုင်

ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်၁၉-ရော ဂါ ကာကွယ်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီ က ဗိုလ်တထောင်မြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း သီရိမာလာခန်းမတွင် ကျင်းပသည်။

ကျောက်တံတားမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ထိုးနှံပေး

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိရာ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ

စလင်းမြို့နယ်အတွင်းရှိ ကံပြားကျေးရွာကန်နှင့် နွယ်တမယ်ချောင်းတံတားစလင်းချောင်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးကောင်ရေ (၃၆၅၀၀၀) အကောင်ရေစိုက်ထည့်ခြင်း အခမ်းအနား

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ပွင့်ဖြူမြို့နယ်ရုံးမှ မြစ်၊ ချောင်း၊ တမံအတွင်း ငါးမျိုးစုံစိုက်ထည့်ခြင်းကို မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ စလင်းမြို့နယ်ရုံးမှ ကန်ပြားကျေးရွာကန်နှင့် စလင်းနွယ်တမယ် ချောင်းအတွင်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီ ၃၀အချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများကို နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားလာရေးအသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ဘော်ကြိုကျေးရွာတွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေပေးခြင်းကို

ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်အတွက် တရားမဝင် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် တရားမဝင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့က တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအပါအဝင် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to