ကြို့ပင်ကောက် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်းလေးက အသိပညာပေး ဆွေးနွေးပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စုမြတ်ထွေးနှင့် ဦးစီးအရာရှိဒေါ်၀င်းလေးတို့က မြန်မာနိုင်ငံတွင်ဖြစ်ပွားတတ်သော သဘာ၀ဘေးအန္တရာယ်(၉)မျိုးအကြောင်း၊ ဖြစ်ပွားတတ်သောနေရာဒေသများနှင့် အဆိုပါဘေးအန္တရာယ်များထဲမှ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားရခြင်းအကြောင်းရင်းများ၊ ငလျင်ဖြစ်ပွားတတ်သော ဒေသအပိုင်းအခြားများ၊ ငလျင်ဘေးအန္တရာယ်မဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့်အချက်များ၊ ငလျင်ဖြစ်ပွားနေပါက လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်လှုပ်ခတ်ပြီးနောက် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲဘေးအန္တရာယ်များကို ပြည်သူလူထုသိရှိ လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေးခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်