တနိုင်းမြို့နယ် မူလတန်းလွန် ကောင်ဂျာကျောင်းတွင် RC(၂)ထပ် ကျောင်းဆောင်သစ် ပန္နက်တင်ပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဆွတ်ငိုင်ရပ်ကွက် မူလတန်းလွန်‌ ကောင်ဂျာကျောင်းတွင် အလျား ၉၀‌ ပေ အနံ ၃၀ ပေ RC (၂) ထပ် ကျောင်းဆောင်သစ် ပန္နက်တင်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၅) ရက်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။

လားရှိုးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းအချိန်မှစ၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၉) အခြေခံပညာကျောင်းများသို့ သွားရောက်၍ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြသည်။

မန်တုံမြို့နယ် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယမန်နေ့က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ကို မန်တုံမြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်ကြီးကြပ်မှုဖြင့် အ.မ.က (၃) ကျောင်းနှင့် မဏီရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယနေ့ နံနက် ၉ နာရီက စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် မျိုးစေ့ထုတ်နေကြာ(၅၅)ဧကစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ် စိုက်ခင်း ဧက(၂၀၀) စိုက်ပျိုးထားကြောင်းနှင့် မှိုင်းပန်ကျေးရွာတွင် မျိုးစေ့ထုတ်နေကြာ(၅၅)ဧက စိုက်ပျိုးထားရာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ကျောင်းသား ကျောင်းသူများအား လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ ပြောဆိုတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီ မိနစ် ၃၀ က ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ချည်မျှင်ရှည်ဝါအထူးဇုံ စိုက်ပျိုးရန် သတ်မှတ်လျာထားသည့် စိုက်ဧက ၃၀၀၀ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံ စိုက်ပျိုးသွား ရန် သတ်မှတ်လျာထားသည့် စိုက်ဧက ၃၀၀၀ မှာ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးညိုမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာရှိ တောင်သူဦးဇော်မင်းထွန်း၏ ကွင်းအမှတ်(၆၅)တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ကြည့်ရှုခဲ့သည်။

ဝါးခယ်မမြို့နယ်၌ မိုးစပါးစံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ဓာတ်‌မြေဩဇာများထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဘိုးဘေးကျေးရွာအုပ်စု၊ ဘိုးဘေးကျေးရွာ၌ မိုးစပါး စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to