ဥတ္တရသီရိ စက်တင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမရှိ စေရန် နှင့်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၈နာရီက ဥတ္တရသီရီ မြို့နယ်တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ အခြေခံ ပညာအထက် တန်းကျောင်း၌ကျောင်းသား၊ ကျောင်းသူများအား Mask Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင်သွားလာရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaignဆောင်ရွက်ရာတွင် တောင်ညိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ကျေးရွာစည်ပင် သာယာရေး ကော်မတီများက ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခြင်း၊ Mask တပ်ဆင်သွားလာရန် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)