မိုးညှင်း၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှုများ ပြန်လည် မြင့်တက်လာသဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုများ ထပ်မံဖြစ်ပွားမှုများ မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက် များအတွင်းရှိ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား ယနေ့ နံနက် ၉ နာရီ မိနစ် ၃၀ က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် နားခါရပ်ကွက်၊ သာစည်ရပ်ကွက်၊ မြို့မရပ်ကွက်၊ နမီးစုရပ်ကွက်၊ အရှေ့စုရပ်ကွက်နှင့် နောင်စွန်းရပ်ကွက်များအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် စုစုပေါင်း (၅၂)ဆိုင်အား မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အာကာဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဆန်းဝင်းနှင့် ဝန်ထမ်းများ၊ ဒုခရိုင်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာမျိုးမျိုးဝင်းတို့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက အဖွဲ့ ၃ ဖွဲ့ခွဲကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး Mask များအခမဲ့ဖြန့်ဝေ ပေးခဲ့ကြ ကြောင်း  သိရသည်။

ခရိုင် (ပြန်/ဆက်)