သရက်ခရိုင် ပြည်သူ့လုံခြုံရေး ဒုဥက္ကဋ္ဌအဖွဲ့နှင့် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ ခရိုင်ပြည်သူ့လုံခြုံရေး ဒုဥက္ကဋ္ဌအဖွဲ့နှင့် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ‌ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈) နှစ်အကြား ကျောင်းသူ/သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်တွင်အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြားရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ) အကြိမ်ထိုးနှံပြီး (၃)လကြာပြီဖြစ်သော  ကျောင်းသူ/ သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေး လျက်ရှိရာ ယမန်နေ့က ကျောင်းဆေးထိုးစုရပ်(၃)ခု၌ ကျန်းမာရေးဌာနဆရာမများက (Booster Dose) ကာကွယ်ဆေးကို ထပ်ဆောင်းထိုးနှံပေးကြကြောင်း သိရှိရသည်။

မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း (PPTT) (၈/၂၀၂၂) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပညာရေးဒီဂရီကောလိပ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) (၈/၂၀၂၂) မောင်မယ်သစ် လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ပညာရေးဒီဂရီကောလိပ်၊ ပညာသီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့၌ အသက် ၁၂နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်(Booster Dose)ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် (Booster Dose) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ အကျိုးခံစားခွင့်များ ဟောပြောခြင်းနှင့် ဆေးကုသပေးခြင်း ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ အကျိုးခံစားခွင့်များအား ဟောပြောခြင်းနှင့် ဆေးကုသပေးခြင်းကို ယမန်နေ့က ကြံခင်းမြို့၊ ရွှေပြည်သာ(သ/မ)ရုံးခန်းမတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အကြား ကျောင်းသူ/သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမ) အကြိမ်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အကြား ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန်အတွက် ကိုဗစ်-၁၉ရော ဂါ ကာကွယ်ဆေးကို ဇွန်လ၂ ရက် ကျောင်း  ဖွင့်ရက်မှစတင်ပြီး အစဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၁၄ ရက်က အခြေခံပညာ (၂) ကျောင်းမှ ကျောင်းသား/သူ (၂၉၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး (ပထမ) အကြိမ်အဖြစ် ကျန်းမာရေးဌာနဆရာမများက အေးချမ်းစွာ ထိုးနှံ ပေးကြောင်း သိရှိရသည်။

ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပန်းအလှပြင်ထိုးနည်း သင်တန်းဖွင့်လှစ်

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ပန်းအလှ ပြင်ထိုးနည်း သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။

မလှိုင်မြို့နယ်တွင် ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေးအသိပညာပေးဟောပြောပွဲနှင့် အေဝမ်းမီးဖို ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုအသိပညာပေးဟောပြောပွဲနှင့် အေဝမ်းမီးဖို ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပန်းအိုင်ကျေးရွာအုပ်စု၊ မြစ်ကျဉ်းကျေးရွာ၊ ကွမ်းဘုရား၌ ကျင်းပခဲ့ကြောင်းသိရသည်။

မအူပင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to