ကျိုက်ထို စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ(၁၅)ရက်နေ့၊ နံနက် (၁၀)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျိုက်ထိုမြို့နယ်ရှိ ကလေးငယ်များအရွယ်မရောက်ခင်မှာ အလုပ်သမားမဖြစ်စေရေးနှင့် ကလေးတွေကိုခိုင်းစေနေသည့် အလုပ်ရှင်များအနေဖြင့် လိုက်နာရမည့်ဥပဒေများကို ပြည်သူများသိရှိစေရန် ရည်ရွယ်ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအေးမြတ်မိုးက ကလေးအလုပ် သမားဟုသတ်မှတ်သည့် အသက်အရွယ်အပိုင်းအခြား၊ ကလေးအလုပ်သမားခိုင်းစေတဲ့ အလုပ်ရှင်တွေအနေနဲ့ လိုက်နာရမည့်ဥပဒေများ၊ ကလေးအလုပ်သမားပပျောက်အောင် ဆောင်ရွက်သင့်သည့်နည်းလမ်း၊ စက်ရုံအလုပ်ရုံတွေမှာ ကလေးအလုပ်သမား တွေနှင့် ပက်သက်သည့် ညွှန်ကြားချက်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)