တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ပုံပြင်ပြော ပြိုင်ပွဲကျင်းပ

တံတားဦး စက်တင်ဘာ ၁၅

ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  ကျင်းပကြောင်း သိရသည်။

ပုံပြင်ပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုသုတများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာများ တိုးပွား ကြွယ်ဝလာစေ၍ စဉ်းစားတွေးခေါ်မှု အသိဉာဏ်ပညာများ ပိုမိုရင့်သန်လာပြီး အသိအလိမ္မာတိုးပွားပြီး အားလပ်သည့် အချိန်အချိန်များတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်သို့ အချိန်မရွေးလာရောက်ပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရွှေအိုးလူမခိုးဆိုသည့် စကားအတိုင်း စာအုပ်စာစောင် များကို ဖတ်ရှုလေ့လာခြင်းဖြင့် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်ဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ကြစေလိုကြောင်း ပြောကြားသည်။

ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အ.လ.က၊ မြို့မ ကျောင်းသား/သူများက မိမိတို့လေ့လာဖတ်ရှုထားသော ပုံပြင်များဖြင့် ယှဉ်ပြိုင်ကြကာ တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး တံတားဦး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်တန်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ Tallk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်