ကလော စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှ ကလောမြို့ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရဲအုပ်အောင်ကိုကို ဦးဆောင်၍ ယနေ့နံနက် ၈ နာရီခွဲအချိန် ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် လူစည်ကားသည့် ကလောမြို့မစျေး အရှေ့ဘက် လမ်းမကြီးတို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရဲအုပ်အောင်ကိုကို နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သက်ဆိုင်သည့် အကြောင်းအရာပါ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအကြောင်းအရာပါ အသိပညာပေးလက်ကမ်းစာစောင် (၂၀၀)စောင်တို့ကို လူစည်ကားသည့် လမ်းမတို့တွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး ပညာပေးကာလ ကုန်ဆုံးချိန်မှစ၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)