အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “ပညာလိုလား ကြိုးစားကြပါစို့” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

အမ်း စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်လူငယ်များနှင့် “ပညာလိုလား ကြိုးစားကြပါစို့” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းအား စာပေမြတ်နိုးသူ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောဆိုရာ၌ ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်စေရန်နှင့် တီထွင်ဖန်တီးလိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက  စာဖတ်ရှိန်​မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်းနှင့် ဒို့ကျေး ရွာဂျာနယ် အတွဲ (၁၉)အမှတ် (၈)ပါ ဆောင်းပါးရှင် ဗညားကျန်းထော ရေးသားသည့် ရည်မှန်းချက်ထား အမြဲကြိုးစား ဆောင်းပါးမှ ရာစုခေတ် တစ်ခေတ်စာ၊ နှစ်ပေါင်းတစ်ရာလောက်စော၍ ဖွားတော်မှုပြီး ရဟန်းစာဆိုအကျော်လည်းဖြစ်တော်မှုသော အရှင်မဟာရဌသာရ၏ စာပေပို့ချသင်ကြားခြင်း အတွေ့အကြုံနှင့် ပညာရှာရာတွင် မရှိမဖြစ်အသုံးပြုရမည့် နည်းနာနိသယျ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ 

ထို့နောက် စာမြတ်နိုးသူများဖြစ်သည့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသူ မသင်းသင်လှိုင်က စာဆိုအကျော် အရှင်မဟာရဌသာရ၏ ပညာရှာမီရာတွင် လိုက်နာကျင့်သုံးရမည့် အချက် ရှစ်ချက်ဖြစ်သော "သု စိ ပု ဘာ၊ ဝိ လိ သိ ဓာ " အက္ခရာများအကြောင်း၊ ကျောင်းသားလူငယ် မောင်တင်မြင့်က စည်းလုံးမှ အင်အားရှိ စာပိုဒ်မှ သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း