ယင်းမာပင် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရန်အတွက် ယနေ့နံနက် ၇ နာရီက ယင်းမာပင်မြို့၊ (ခ)ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် နန္ဒာမြိုင်ပန်းခြံတွင် ဖွင့်လှစ်ထားရှိသည့် ယာယီဈေးအနီး၌ တန်ဖိုးသင့်ကုန်ပစ္စည်းများ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ရောင်းချရာတွင် ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများက ဆန် (၁)ပြည်၊ ဆီ(၁၀)ကျပ်သား၊ ကြက်ဥ (၄) လုံး ပစ္စည်းသုံးများကို ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ အိမ်ထောင်စု (၁၀၀)သို့ ရောင်းချပေးခဲ့ပါသည်။
အဆိုပါ တန်ဖိုးသင့် စားသောက်ကုန်များ စနစ်တကျ ရောင်းချခြင်းများကို ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက လိုက်လံကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)