ရေဖြူ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီ တိုင်း ဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လာရောက်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးမြင့်နိုင်နှင့် ရေဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်တို့ တက်ရောက်အမှာစကား ပြောကြားကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိဝင်ငွေတိုးစေရန်၊ အသုံးစရိတ်ချွေတာတတ်စေရန်၊ ကိုယ်ပိုင်လုပ်ငန်းထူထောင် ၍ လက်တွေ့ဘဝမှာ ပြန်လည်းအသုံးချတတ် စေရန်ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း နည်းပြဆရာမ ဒေါ်ရီရီလွင်က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် လူသုံးကုန်ပစ္စည်း (၁၂)မျိုးပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၆)ဦးတက်ရောက်ခဲ့ကာ သင်တန်းကာလ (၅)ရက်ဖြစ်ကြောင်း သိရသည်။
ခတ္တာ