တနင်္သာရီ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက စာပေဖတ်ရှုလိုသူများထံသို့ လွယ်လင့်တကူဖတ်ရှုလေ့လာနိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက် (Mobile) ရွေ့လျားစနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးသည့် အကျိုးပြုလုပ်ငန်းများကို အပတ်စဉ် ဆောက်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ သုတ/ရသစာအုပ် များကို လဲလှယ်ငှားရမ်းပေးခဲ့သည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်သီသီခိုင်နှင့် ဝန်ထမ်းများက စာကြည့်တိုက်အသင်းဝင် အင်အားတိုးတက်စေရေးနှင့် အလုပ်တာဝန် များပြားသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အားလပ်သည့်အချိန်တွင် အချိန်ကိုအကျိုးရှိစွာ စိတ်အပန်းဖြေဖတ်ရှုနိုင်စေရန်အတွက် သုတ/ရသစာအုပ်များ/ ရုပ်ပြစာအုပ်/ ပုံပြင် စာအုပ် များအား စာဖတ်သူများ၏ဆန္ဒအရ ဖတ်ရှုလိုသည့် စာအုပ်အမျိုးအစား/ အမည်များဖြင့် နှစ်ပတ်လျှင်တစ်ကြိမ် အဟောင်း/အသစ်လှဲလှယ်ပေးစနစ်ဖြင့် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ Mobile ရွေ့လျားစနစ်ဖြင့် ငှားရမ်းပေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် ရုံးဝန်ထမ်းများက စိတ်ဝင်စားစွာ သုတ/ ရသ စာအုပ်များအား လဲလှယ်ငှားရမ်းခဲ့ကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း (ပြန်ဆက်)