ဆားလင်းကြီး စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေးလျက်ရှိရာ ဒုတိယနေ့အဖြစ် ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများအား နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး အတွက်ရည်ရွယ်ကာ ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား ဆန်တစ်ပြည်၊ ကြက်ဥ ၂၅ ကျပ်သား၊ အာလူး ၅၀ကျပ်သား ပစ္စည်း (၃) မျိုးကို (၃၀၀၀) ကျပ်ဖြင့် အိမ်ထောင်စု (၁၅၀) စုအား ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
ဥမ္မာခိုင်