မောင်တော စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများက ယမန်နေ့နံနက် ၉ နာရီအချိန် မြို့အတွင်းသို့ ဝင်ရောက်လာကြသော လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်ဝစစ်ဆေးရေးဂိတ်တွင် မြို့အတွင်းသို့ ဝင်ရောက်လာသော ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် လိုက်ပါလာသော ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း ၊ ပြည်သူများအနေဖြင့် အိမ်ပြင်ထွက်ပါက နှာခေါင်းစည်း Mask များ စနစ်တကျ တင်ဆင်၍ သွားလာကြရန် ပြောကြားပြီး မြို့နယ်အတွင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး နှာခေါင်းစည်း Mask (၁၅၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)