ဟင်္သာတ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည် ယမန်နေ့ညနေ ၆ နာရီက ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိလာပြီး ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ နေကြာတိုးချဲ့စိုက်ပျိုးမည့်လုပ်ငန်းနှင့်ပတ်သက်၍ ဒေသဆိုင်ရာတာဝန်ရှိသူများ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များခရိုင်နှင့်မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် လုပ်ငန်းအကောင်းအထည်ဖော် ဆောင်ရွက်ရေးကြီးကြပ်မူကော်မတီဝင်များ၊ ဒေသခံတောင်သူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲပြုလုပ်ရာတွင် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ တက်ရောက်လာသော တောင်သူများအနေဖြင့် ဆီထွက်သီးနှံဖြစ်သော နေကြာအား တိုးချဲ့စိုက်ပျိုးကြရန်၊ နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအနေဖြင့် စီမံကိန်းဝင်သီးနှံအဖြစ်သတ်မှတ်၍ စိုက်ပျိုးကြရန်၊ ဆောင်းသီးနှံ နေကြာကိုတိုးချဲ့စိုက်ပျိုးခြင်းဖြင့် စားသုံးဆီကို တစ်ခြားနိုင်ငံများမှ မှာယူတင်သွင်းမှု လျော့ချခြင်းဖြင့် တိုင်းပြည်၏နိုင်ငံခြားဝင်ငွေကို တစ်ဖက်တစ်လမ်းမှတိုးလာခြင်း၊ စိုက်ပျိုးတောင်သူများ တစ်ဦးခြင်း၏ ဝင်ငွေသည်လည်း တိုးလာမည်ဖြစ်ကြောင်း၊ တောင်သူသူများ လိုအပ်ချက်ဖြစ်သော မျိုးမှန်ရရှိရေး၊ စိုက်ချိန်အမှီ မျိုးရရှိရေးတို့အတွက် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနများမှ ကူညီပံ့ပိုးခြင်း၊ နည်းပညာများဖြန့်ဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မူကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းလွင်ဦးမှ ဟင်္သာတမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၁၀ တွင် တောင်သူ(၆၉၇၆)ဦးရှိပြီး ဆောင်းနေကြာကိုစုစုပေါင်း(၁၉၁၆၆)ဧက စိုက်ပျိုးရန်ကိုလျာထားထားကြောင်း၊ ယခုအချိန်ထိ မျိုးစုဆောင်းထားရှိမှု အခြေအနေနှင့် ထပ်မံလိုအပ်ချက်၊ ဓာတ်မြေသြဇာ လိုအပ်ချက်တို့အားလည်းကောင်း၊ မျိုးကောင်းမျိုးသန့် အချိန်မီစုဆောင်း စိုက်ပျိုးနိုင်ရေးစီစဉ်ဆောင်ရွက်ထားမူများအား ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသော နေကြာစိုက်ပျိုးမည့် တောင်သူများမှ နေကြာစိုက်ပျိုးနိုင်ရန်အတွက် မြေသြဇာများ စျေးနှုန်းချိုသာစွာဖြင့်ရရှိနိုင်ရေး၊ ရေရရှိမှု၊ မျိုးမှန်ရရှိမှု၊ နည်းပညာများရရှိလိုမှု၊ အချိန်မီနေကြာစိုက်ပျိုးနိုင်ရေးတို့အတွက် မျိုးများရရှိနိုင်ရန် ကူညီဆောင်ရွက် ပေးနိုင်ရေးတို့အား တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်းလမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)