မင်းဘူး စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ ကုလားကုန်း အဝိုင်းပတ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဖြန့်ဝေရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်ဝင်းနှင့်အတူ ခရိုင်နှင့်မြို့နယ်မှ စီမံအဖွဲ့ဝင်များ ကျန်းမာရေးဋ္ဌာနမှ ဝန်ထမ်းများ၊ ဋ္ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့တို့က ဈေးရောင်း၊ ဈေးဝယ်သူများနှင့် လမ်းသွား၊ လမ်းလာရပ်ကွက်နေ ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်းများအပြင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ သွားလာနေထိုင်ရေးတို့ကို လှည့်လည်နှိုး ော်ကာ Mask အခုရေ ၂၅၀၀ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)