အရာတော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask  Campaign ဆောင်ရွက်

အရာတော်       စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီက စည်ပင်သာယာမြို့မစျေးနှင့် ရွှေဘို-အရာတော်-မုံရွာ ကားလမ်းမတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာသို့  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်နှင့်ဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ နေအိမ်ပြင်ပသို့ သွားလာကြသည့် ခရီးသွား ပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအားကျန်းမာရေးဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ  ကျန်းမာရေးအသိဖြင့် စည်းကမ်းရှိစွာ နေထိုင်သွားလာစေရေး အသိပညာပေးကာ  ပြည်သူများလက်ဝယ်သို့  နှာခေါင်းစည်း Mask (၆၅၀) ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)