မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များကို ဝတ်စုံများထောက်ပံ့ပေးအပ်

မင်းလှ စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များကို ဝတ်စုံများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၃ နာရီချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ဝေငြိမ်းက ဝတ်စုံများထောက်ပံ့ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားပြီး ဝန်ထမ်းမိသားစုဝင်(၃၆)ဦးကို ဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တစ်ဦးလျှင် တစ်သောင်းကျပ်စီထောက်ပံ့ပေးအပ်ခဲ့၍ ဗလာမပါကံစမ်းမဲဖောက်ကာ လက်ဆောင်ပစွည်းများပေးအပ်ခဲ့ကြောင်းသိရသည်။

ပေါက်စ(မင်းလှ)