စမ်းချောင်း စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၁:၃၀)နာရီက မြို့နယ်အတွင်းရှိ ဗားကရာလမ်း၊ ပြည်လမ်း၊ ရှင်စောပုလမ်းတလျှောက် အများပြည်သူများသွားလာရာနေရာများတွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ Mask Campaignများ အခမဲ့ဖြန့်ဝေခြင်း၊ ပိုးသတ်ဆေးများဖျန်းပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ခင်ငြိမ်းချမ်းဝင်း