ဗဟန်း စက်တင်ဘာ ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ရေးသူ/ဖတ်သူ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးက စာဖတ်ဝိုင်းပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားခဲ့ပြီး စာရေးဆရာချစ်ဆန်းသစ် ကိုယ်တိုင်ရေးသော အပါယ်မကျလေးဌာနနှင့် မြေမြတ်မဟာမဇ္ဈိမတည်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရောက်ခဲ့ပြီးအကြောင်းများ၊ ဒုက္ကရစရိယတောင်တော်သို့အကြောင်းများနှင့် ပြည်မသိဗာရာဏသီစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပါ သည်။
ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသောစာပေချစ်မြတ်နိုးသူများနှင့် အပြန်အလှန်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
စန္ဒာမိုး