ကမာရွတ် စက်တင်ဘာ ၁၇
ရန်ကုန်တိုငိးဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမကြီးအား ကတ္တရာကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါကတ္တရာကွန်ကရစ်ခင်းကျင်းနေမှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား)မှ ဦးဆောင်ပြုလုပ်ခင်းကျင်းခြင်းဖြစ်ကြောင်းသိရပါသည်။
စိမ်းလဲ့(ပြန်ဆက်)