ငရုတ်ကောင်းမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းများ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်

ငရုတ်ကောင်း စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့တွင်းလမ်းများနှင့် လမ်းဆုံ၊ လမ်းခွများတွင် ဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ဦးထွန်းလင်းထက်၊ မြို့စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးသူရအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ရပ်ကွက်များ အတွင်း လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခြင်း၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအား အရည်အသွေး ပြည့်မီသော ဆိုင်ကယ်ဦးထုပ်များဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်စီးနင်းရန်၊ နှစ်ဦးထက်ပို၍ စီးနင်းခြင်းမပြု ရန်၊ အရက်တေစာသောက်စားမူးယစ်ပြီး စီးနင်းမှုမပြုရန်၊ အရှိန်ပြင်းစွာ မဆင်မချင် မောင်းနှင်ခြင်းမပြုရန်၊ လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းခြင်းမပြုကြရန်၊ အသက် ငယ်ရွယ်သူများ မောင်းနှင်ခြင်း မပြုကြရန်၊ သတ်မှတ် ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)