မင်းလှ စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအကြောင်း အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
အသိပညာပေး(Talk Show)ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကျန်းမာရေဗဟုသုတရရှိစေမည့် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ ဖြစ်ပွားရခြင်းနှင့် ကာကွယ်ရန်နည်းလမ်းများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သူနာပြုအဆင့်-၁ ဒေါ်ဥမ္မာဝင်းက အသေးစိတ် ဆွေးနွေးဖြေကြားပေးခဲ့သည်။
မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများဗဟုသုတများရရှိစေရန် လစဉ်အသိပညာပေး(Talk Show) ဆွေးနွေးပွဲများရိုက်ကူးပြီး အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)