မန်တုံမြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

မန်တုံ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး စီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို သင်တန်းသူ (၁၀)ဦးဖြင့် အခမဲ့ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ အိမ်တွင်းတစ်နိုင်တစ်ပိုင်ဖြင့် မိသားစုအပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းဆရာမဒေါ်မာဘောက်မှ ဆပ်ပြာဆီမှာ အဝတ်လျှော်ရာတွင်လည်းကောင်း၊ ရေချိုးရာတွင်လည်းကောင်း၊ အိုးခွက်ပန်းကန်များ ဆေးကြောရာတွင်လည်းကောင်း၊ ဘက်စုံအသုံးပြုနိုင်သဖြင့် အိမ်ရှင်မအမျိုးသမီးများ အတွက်အသုံးဝင်၍ လွယ်ကူစွာပြုလုပ် အသုံးပြုနိုင်ကြောင်း ပြောကြားပြီး ပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြသပေးကာ တက်ရောက်လာသော သင်တန်းသူများမှ စိတ်ပါဝင်စားစွာသင်ယူခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)