ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကလိုရိုက် ပိုးသတ်ဆေးရည်လိုက်လံ ပက်ဖျန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ပြန်လည်တွေ့ရှိလာရသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်မီးသတ်ဦးစီးဌာနတို့၏ လမ်းညွှန်ချက်အရ

လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး ဌာနဆိုင်ရာများ ပူးပေါင်း၍  Mask Campaign ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေး ကူးစက်ပြန့်ပွားမှုလျော့ကျစေရေးနှင့် ပြည်သူများ အိုမီခရွန်ရောဂါပိုး ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဌာနဆိုင်ရာများမှ Mask Campaign  ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လိပ်သိုမြို့အမှတ် (၁) ရပ်ကွက်နှင့်  လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် ကြူတောကန်အုပ်စုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကြူတောကန်အုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးဆေးထိုးစုရပ်တွင် ယမန်နေ့နံနက်ပိုင်းက အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/သူများကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် ဗဟုသုတရရှိရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်ရှိ ကျေးရွာများတွင် နှာခေါင်းစည်း Mask များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ငွေနံ့သာစံပြကျေးရွာ၊ ဒါးပိန်တောင်ကျေးရွာ၊ အုန်းနှဲကုန်းကျေးရွာ၊ ရှမ်းထက်ကျေးရွာ၊ အဝိုင်းကျေးရွာများရှိ လူစည်ကားရာနေရာများ၊ စျေးများ၊ လမ်းဆုံလမ်းခွနေရာများတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့ကွီးလေးကျေးရွာအုပ်စုရှိ အသက်(၈၅)နှစ်အထက်  သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များလက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က ကွီးလေးကျေးရွာ အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်မျိုးစိတ်သစ်BA.4 နှင့် BA.5 ရောဂါကာကွယ်ရေးနည်းလမ်းများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် နှိုးဆော်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4နှင့်BA.5 ရောဂါကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် စကောကရင်ဘာသာနှင့် မြန်မာဘာသာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် စာဖြေအောင်မြင်တော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင် (၁၄)ပါးအား ဂုဏ်ပြုပူဇော်ပွဲနှင့်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်(၁၄)ပါးအား ဂုဏ်ပြုပူဇော်ပွဲနှင့်ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့သည်။

တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌  ကဗျာရွတ်ဆိုပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကဗျာရွတ်ဆိုပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကိုကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် ( Community Centre )ခန်းမတွင်  ကျင်းပကြောင်းသိရသည်။

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင် ရွက်ခဲ့သည်။
Subscribe to