ကရသူရိမြို့တွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်‌ရောဂါ ကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှုဆောင်ရွက်

ကရသူရိ စက်တင်ဘာလ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မဖြစ်ပေါ်စေရေးအတွက်  Mask  Campaign   ပြုလုပ်ခြင်းကို  ယနေ့နံနက် ၉ နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး  ဦးအေးမျိုးအောင်ဦးစီး၍ မြို့အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များတွင် ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ပြည်သူများပေါ့ဆနေခြင်းမရှိစေရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်အပြည့်ထိုးနှံကြရန်နှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို  လိုက်နာကြရန် စသည့်တို့ကို အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း  (Mask)  များ အခမဲ့တပ်ဆင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့ (ပြန်/ဆက်)