အမရပူရမြို့နယ်လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

အမရပူရ စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမ၌ ယမန်နံနက် ၉ နာရီခွဲအချိန်က စာရေး ဆရာဧကရာဇ်၏ ၂၀၁၇ ခုနှစ် စာပေဗိမာန် စာမူဆု ဝတ္ထုတိုပေါင်းချုပ် တတိယဆုရမှတ်မှတ်သားသားဆရာ့စကားနှင့်အခြားဝတ္ထုတိုများ စာအုပ်ကိုရသစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မှတ်မှတ်သားသား ဆရာ့စကားဝတ္ထုတိုပေါင်းချုပ် စာအုပ်ပါအများထဲကတစ်ယောက် ခေါင်းစဥ်ကို အမရပူရမြို့ စာရေးဆရာဦးမြစိုး (စိုးအမရ)ကဦးဆောင်ဆွေးနွေးခဲ့သည်။ တက် ရောက်လာသော စာပေဝါသနာရှင်များကလူ့ဘဝမှာ ဆင်းရဲချမ်းသာမှုက အဓိကမကျစိတ် ဓာတ်ကောင်းမွန်မှုကသာ အဓိကျကြောင်းနှင့် လူ့ဘဝမှာစိတ်ထားလှပြီး ကူညီတက်မှသာ လျှင် လူပီသကြောင်းဂိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး နောက်တစ်ပတ်ပြုလုပ်မည့်စာဖတ်ဝိုင်းအတွက် စာအုပ်နှင့်နေ့ရက်ကိုရွေးချယ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)