ခရမ်းမြို့နယ်တွင် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တတိယအကြိမ်  ထပ်ဆောင်းထိုးနှံပေး

ခရမ်း  စက်တင်ဘာ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ်ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲကာ သက်ဆိုင်ရာကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အား ပထမ/ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးပြီးသည့် ကျောင်းသား/ ကျောင်းသူများအား တတိယအကြိမ်ထပ်ဆောင်းကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့မကျန်းမာရေးမှူးဒေါ်ဥမ္မာဦးမှကြီးကြပ်၍ သူနာပြုဆရာမများက ကျောင်းသား/ ကျောင်းသူများအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ခရမ်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ရဲနှင့် တာဝန်ရှိသူများက အားပေးကြည်ရှုခဲ့ကြကြောင်း သိရှိရသည်။

ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘအုပ်ထိန်းသူများက သဘောတူလက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြကြောင်း အဆိုပါထိုးနှံခြင်းကို ခရမ်းမြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်၊ ကျောင်းအကျိုးဆောင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း (ခရမ်း)