ပိုင်ကျုံမြို့ အ.မ.က တနင်းသရောကျောင်း၌ ကျောင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ (၅၀) ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ  စက်တင်ဘာ   ၁၉

နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး၊ လုံခြုံစိတ်ချပြီး စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရ ကျေးရွာအုပ်စု၊  တနင်းသရောကျေးရွာ၊ အ.မ.က တနင်းသ‌ရောကျောင်းတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ တည်ဆောက်ပေးလျက်ရှိကြောင်း  သိရသည်။

အဆိုပါ ကျောင်းခြံစည်းရိုးသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၇၆) သိန်းဖြင့် (၁၀၀၀‌ ပေx၆ပေ) ရှိ အုတ်ရိုး၊ ကွန်ကရစ်တိုင်၊ သံစကာဖြင့် တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာရှိတာဝန်ရှိသူများတို့၏ စုပေါင်းလုပ်အားဖြင့် ဇူလိုင်လအတွင်းတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၁၈ ရက်နေ့အထိ (၅၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ကျောင်းခြံစည်းကာရံခြင်း လုပ်ငန်းပြီးစီးပါက အ.မ.က တနင်းသရောကျောင်းတွင် ပညာ သင်ကြားနေသည့် ကျောင်းသား‌/သူများနှင့် ဆရာ/မများအနေဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်လာမည့်အပြင် ရပ်ရွာအနေဖြင့် ဖွံ့ဖြိုးသာယာလာမည်ဖြစ်ကြောင်း သိရ သည်။

နော်ခူး (ပြန်/ဆက်)