အောင်လံ စက်တင်ဘာလ ၁၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့နံနက် ၉နာရီက စမ်းချောင်းရပ်ကွက်၊ စက်ရုံရပ်ကွက်၊ ရွာထောင်ရပ်ကွက်နှင့် အမှတ်(၂)ဈေးကြီးအတွင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများတို့မှ လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးရောင်းဈေးဝယ်များ၊ ခရီသွားပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်နိုင်ရေးအသိပညာပေး ဆောင်ရွက်ခဲ့ပြီး Mask (၁၅၀၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် လူစည်ကားရာ လမ်းဆုံ လမ်းခွများနှင့် ရပ်ကွက်အတွင်းလှည့်လည်၍ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကြိမ်နှုန်းပြည့်ထိုးနှံရေး ပြည်သူများအနေဖြင့် မပျက်မကွက် လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
ဇင်ဇင်မင်းမောင် (ပြန်/ဆက်)