ကလိန်အောင် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး)ဒေါ်ခင်ခင်လဲ့က ကျောင်းသားကျောင်းသူများ၊ ကလေးလူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရောင်စုံကာလအသုံးပြုနည်းများ၊ အရောင်အသွေးများရွေးချယ် အသုံးပြုတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ကောင်းမွန်စေရန် အသိပညာများတိုးပွားလာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသားကျောင်းသူများ ကလေးလူ ငယ်လူရွယ်များပါဝင်ယှဉ်ပြိုင်ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို မိမိတို့စိတ်ကြိုက်ကာလအရောင်များခြယ်သ၍ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်းသိရသည်။
ခင်ခင်လဲ့