ဖျာပုံ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထား ခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်(၈)နာရီ အချိန်က ဖျာပုံမြို့ အမှတ် (၃) ရပ်ကွက် ချောင်းတွင်းလမ်းမကြီးဘေး ဗိုလ်ချုပ် ကြေးရုပ်ရှေ့နှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် ဝန်ထမ်းများ၊ ဖျာပုံခရိုင်ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင် ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးနှိုးဆော်မှုများကို မြို့ပေါ်လူစည် ကားရာနေရာ များဖြစ်သော ဖျာပုံမြို့ အမှတ် (၃) ရပ်ကွက် ချောင်းတွင်းလမ်းမကြီးဘေး၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့နှင့် လူစည် ကားရာနေရာများတွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား အသိပညာပေး လှုပ်ရှားမှုအနေဖြင့် နှာခေါင်းစည်း Mask များ အခမဲ့လိုက်လံဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)