မိုင်းနောင် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ၀န်ထမ်းများသည် ယနေ့ နံနက် (၁၀)နာရီအချိန်က လုံယန်းကျေးရွာရှိ သီရိမင်္ဂလာ ဆိုင်ခေးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင် ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ သွားရောက်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သော ရှင်သာမဏေစာသင်သားများ အလွယ်တကူ စာပေ ဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်ရှိန်တိုးတက်မြှင့်မားရေး၊ပြင်ပ ဗဟုသုတများရရှိစေရေးနှင့် စိတ်အပန်းဖြေရင်းစာပေအသိပညာများ အဆင်ပြေပြေလေ့လာဖတ်ရှုနိုင်ရေးတို့အတွက် စီစဉ် ဆောင်ရွက်ပေးကြောင်း သိရသည်။
လက်ရှိ သီရိမင်္ဂလာဆိုင်ခေး ဘုန်းတော်ကြီးကျောင်းတည်ရှိရာ လုံယန်းကျေးရွာသည် မိုင်းနောင်မြို့နှင့် (၁၀)မိုင် ဝေးကွာသောရွာလေးဖြစ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်ထမ်းများက နယ်လှည်စာကြည့်တိုက်များ သွားရောက်ဆောင်ရွက်ပေးခြင်းဖြင့် ရှင်သာမဏေများ ပြင်ပစာပေများကိုအလွယ်တကူလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)