နတ်မောက်မြို့နယ်တွင် မိုးနည်းပါးမှုကြောင့် ပင်ထောင်မြေပဲနှုတ်သိမ်းချိန်နောက်ကျခဲ့သော်လည်း ပဲစျေးနှုန်းသည် ယခင်နှစ်ကထက် မြင့်ထက်လာ

နတ်မောက် စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ပင်ထောင်မြေပဲစိုက်တောင်သူများသည် မိုးအဆင်ပြေသည့် ကျေးရွာများတွင် ဩဂုတ်လဆန်းပိုင်းက မြေပဲများစတင်နှုတ်သိမ်းခဲ့ကြောင်း သိရသည်။

ယခုနှစ် နတ်မောက်မြို့နယ်အတွင်း မိုးရွာသွန်းမှုမညီမျှသဖြင့်  မေလတွင် (၅)ရက်ခန်၊ ၊ ဇွန်လတွင် (၄)ရက်ခန့်၊ ဇူလိုင်လတွင် (၂)ရက်ခန့်၊ ဩဂုတ်တွင် (၄)ရက်ခန့်သာရွာသွန်းခဲ့သဖြင့် မြေပဲများ ပန်းပွင့်ချိန် အဆွယ်ချချိန်များတွင် မိုးရွာသွန်းမှုနည်းပါးခဲ့ကြောင်း လေးတိုင်စင်ရွာ တောင်သူကိုကျော်ဌေးက ပြောသည်။

ပင်ထောင်မြေပဲကို မိုးအဆင်သင့်ပါက ရက်ပေါင်း(၁၀၀)ခန့်ရှိလျှင် နှုတ်သိမ်းကြရပြီး  မိုးနည်းပါးသည့်ကျေးရွာများတွင် ရက်ပေါင်း(၁၃၀)ရှိမှသာ နောက်ကျပြီး နှုတ်သိမ်းရကြောင်း၊ ဩဂုတ်လတွင် ရွာသည့်မိုးရေကြောင့် မြေပဲပင်များ ရှင်သန်မှု၊ မြေပဲဥများပြည့်တင်းမှုအတွက် အထောက်အကူပြုခဲ့၍ စက်တင်ဘာလအတွင်း ပင်ထောင်မြေပဲများ နှုတ်သိမ်းနေ ပြီ ဖြစ်ကြောင်း၊  အထွက်နှုန်းမှာ ယခင်နှစ်လောက် မထွက်ရှိသော်လည်း မြေပဲစျေးနှုန်းမှာ မြေပဲတစ်တင်းကို ယခင်နှစ်က ၁၅၀၀၀-၁၇၀၀၀ ခန့်ရှိခဲ့ရာမှ ယခုနှစ်တွင် မြေပဲတစ်တင်းကို ၂၃၀၀၀-၂၅၀၀၀ ခန့်ရောင်းချရ၍ ယခင်နှစ်ကထက် မြေပဲစျေးနှုန်း မြင့်တက်လာကြောင်း န-လက်ခုပ်ပင်ရွာ တောင်သူ ဒေါ်သီအေးမြင့်က ပြောသည်။

မူမူစန်း (ပြန်/ ဆက်)