နတ်တလင်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်းရက်တိုသင်တန်းကို ယနေ့နံနက် ၁ဝ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၁/၂၂)ဖြင့်အတည်ပြု ပြဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေကိုဆွေးနွေးခြင်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များပေးအပ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ကလေးသူငယ်များအား လူကုန်ကူးမှုကျူးလွန်ခံရခြင်းမရှိစေရေး၊ အဓ္ဓမလုပ်အားခိုင်းစေခြင်း၊ လိင်အမြတ်ထုတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အဓ္ဓမပြည့်တန်ဆာပြုခြင်းများ ဖြစ်ပွားမှုမရှိစေရေးအတွက် လူကုန်ကူးမှုတာဆီးကာကွယ်ရေးဆိုင်ရာများ၊ ရပ်ရွာအခြေပြုလူကုန်ကူးခံရသူတွင် ဘေးအန္တရာယ်ရှိနိုင်ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ထံအကူညီတောင်းခံခြင်းနှင့် မြို့နယ်အတွင်းရှိလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့သို့ လွှဲပြောင်းအပ်နှံခြင်း၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်ပွားရခြင်းအကြောင်းအရင်း၊ လူကုန်ကူးမှုဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများနှင့်ပက်သက်၍ အသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းကို ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အတွင်းရှိသင်တန်းသား(၈၀)ဦး၊ သင်တန်းသူ(၄၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)