မိုင်းရှူးမြို့ (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်မားလာစေရန် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းရှူး စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ (Community Centre) ခန်းမတွင် စာရေးဆရာ လူထုစိန်ဝင်း၏ မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး  စာအုပ်ဖြင့် ယနေ့နံနက်(၁၀) နာရီအချိန်က စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယု က  စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများ ဖလှယ်သည့်အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းလီနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ စုစုပေါင်း (၁၅) ဦးက ၄င်းစာအုပ်ပါ အကြောင်းအရာများအား  အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း  သိရသည်။

သန်းလူ(ပြန်/ဆက်)