မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးMask Compaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

မာန်အောင် စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့ နံနက်၈နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းဆုံ လမ်းခွနှင့် လူစည်ကားရာနေရာများတွင် Mask Campaign ဆောင်ရွက်ခြင်း အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် စျေးရောင်း၊ စျေးဝယ်သူများ၊ လမ်းသွားလမ်းလာသူများအား ကိုဗစ်-၁၉ ရောဂါမျိုး ဗီဇပြောင်းအိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Maskကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး ထပ်ဆောင်းကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံသွားရေးအသိ ပညာပေးပြောကြားပြီး Mask များ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ (ပြန်/ ဆက်)